တောင်ဥက္ကလာပမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

တောင်ဥက္ကလာပ ဇန်နဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၄) ရပ်ကွက်၊ သံသုမာလမ်းတွင် ဇန်နဝါရီ ၂၇ ရက်နေ့ ည (၂၀:၂၈) အချိန်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။

ရှေးဦးစွာ တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၄) ရပ်ကွက်၊ သံသုမာလမ်း၊ အမှတ် (၁၀/ အေ) ပိုင်ရှင် ဦးချစ်လွင်‌လေး၏ အိမ်ငှားဦးဇော်ဝင်းအောင် နေထိုင်သည့် (၂၀x၅၀) ပေ အုတ်ညှပ် (၁) ထပ် (၂၀x၂၀) ပေ ထပ်ခိုးအ‌ဆောက်အဦတွင် Mistubishi အမျိုးအစား (1) Door ရေခဲသေတ္တာ Compressor အပူလွန်ကဲရာမှအနီးရှိ အဝတ်အစားများသို့ မီးကူးစက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရာနေရာသို့ တောင်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူး ဦးဇင်မင်းကြီးကြပ်၍ မီးငြိမ်းသတ်ယာဉ် (၆) စီး၊ ရေသယ်ယာဉ် (၄) စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ (၂၀း၅၃) အချိန်တွင် မီးငြိမ်းခဲ့ပြီး ရေခဲသေတ္တာ (၁) လုံး၊ အဝတ်အစားများ၊ ကားပစ္စည်းအဟောင်းများ၊ သစ်သားဆက်တီ (၁) စုံ ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀/-ဖိုးခန့်၊ အဆောက်အဦဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀/-ဖိုးခန့် စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀/-ဖိုးခန့်ရှိပြီး လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)