ငါန်းဇွန် ဇန်နဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး၌ ယနေ့နံနက် ၉ နာရီက အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) ကဗျာရွတ်ဆို၊ ပန်းချီပြိုင်ပွဲနှင့် မြေစိုက်ဘုတ်၊ နံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြိုင်ပွဲများသို့ လာရောက်ယှဉ်ပြိုင်ကြသော အမှတ်(၁၊ ၂၊ ၃၊ ၄)အခြေခံပညာမူလတန်းကျောင်းတို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်း သား၊ ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးရှေ့ မြေစိုက်ဘုတ်နှင့် နံရံကပ်စာစောင်တွင် ပြသထားသော ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးလှုပ်ရှားမှုများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအကျဉ်း၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသူများစသည်တို့ကိုလည်းကောင်း၊ ပြည်သူ့စာကြည့်တိုက်တွင် ပြသထားသော သုတ၊ ရသစာအုပ်စာစောင်များအားလည်းကောင်း စိတ်ဝင်စားစွာ လေ့လာကြည့်ရှုကြသည်။
ထို့နောက် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများအပြီးတွင် ဆုရကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုချိုအောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်နေခြည်ဦးနှင့် အမှတ်(၁၊ ၂၊ ၃၊ ၄) အခြေခံ ပညာမူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာမများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)