ချမ်းအေးသာစံ ဇန်နဝါရီ ၂၉
မန္တလေးဆေးရုံကြီးငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ချမ်းအေးသာစံမြို့နယ် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးရှိ ကိုးထပ်ဆောင် အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ချမ်းအေးသာစံမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမာဋ္ဌေးက သမဝါယမအသင်း၏ ဆောင်ရွက်နေသော လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒါရိုက်တာအဖွဲ့က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးရှင်းတမ်းနှင့် ရှေ့လုပ်ငန်းစဥ်များကို ဖတ်ကြားခဲ့ပြီး အသင်းသူ၊ အသင်းသားများ၏ အတည်ပြုချက်များရယူကာ သမဝါယမအသင်းသားများ၏ သိလိုမေးမြန်းချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)