တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ World Vision Myanmar အဖွဲ့မှကျောင်းသား/သူများအား စာရေးကိရိယာများ ထောက်ပံ့    

တံတားဦး ဇန်နဝါရီ ၂၉

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ World Vision Myanmar အဖွဲ့မှ ကျောင်းသား/သူများ ပညာသင်ယူရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ဇန်နဝါရီ ၂၉ ရက် နံနက် ၁၀ နာရီက အဆိုပါကျောင်းတွင် ဆောင်ရွက်ကြောင်း သိရသည်။

စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲတွင် သူငယ်တော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကွန့်နှင့် ကျေးရွာကျောင်းအုပ်ဆရာကြီး ဦးရဲဝင်း(တာဝန်ခံ)တို့က အမှာစကားပြောကြားပြီး World Vision Myanmarအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက စာရေးကိရယာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ထို့နောက် World Vision Myanmarအဖွဲ့မှ ကျောင်းသား/သူများအား စာရေးကိရိယာများကို လက်ဝယ်အရောက် ထောက်ပံ့ပေးကြသည်။

တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား/သူ တစ်ဦးလျှင် ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံတစ်ဒါဇင်၊ ပစ္စည်းစုံပါကွန်ပါတစ်ဘူး၊ ပေတံတစ်ချောင်းနှင့် လွယ်အိတ်တစ်လုံး၊ ကျောင်းသား/သူစုစုပေါင်း၊ ခုနှစ်ရာတစ်ဆယ့်လေးဦးတို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အတွက် စာသင်ခုံနှစ်ဆယ်စုံ Whiteboard အကြီး (၂) ချပ်တို့ကိုလည်း ထောက်ပံ့ပေးခဲ့ကျောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)