ပြည်ကြီးတံခွန်မြို့နယ်ရှိ “သူရသီဟ” ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ပြည်ကြီးတံခွန်  ဇန်နဝါရီ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ “သူရသီဟ”ကိုယ်ပိုင်အထက်တန်းကျောင်း၌ ဗလငါးတန်နှင့်ပြည့်စုံစေသည့် ကျောင်း သား၊ ကျောင်းသူများ ဖြစ်လာစေရန် ယနေ့မွန်းလွဲ ၁ နာရီခွဲက လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ “သူရသီဟ‌” ကျောင်းအုပ်ဆရာကြီးဦးအောင်သိုက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လူငယ်စကားဝိုင်းများကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး သူရသီဟကိုယ်ပိုင်အထက်တန်းကျောင်းရှိ လူငယ်စကားဝိုင်းဆွေးနွေးပွဲမှ Grade-11 ကျောင်းသူ‌လေး မဟေမာန်မိုးက လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 ကျောင်းသား မောင်ကျော်ဘုန်းသာက လူငယ်နဲ့မူးယစ်‌ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူလေး မမြတ်နိုး‌ကျော်ဟိန်းက လူငယ်နှင့်Social Media ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9ကျောင်းသူ မယွန်းဟေမာန်ကိုကလူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကလည်း သိရှိလိုသည်များကို မေးမြန်းခဲ့ရာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်နှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲမှ ကျောင်းသား၊ ကျောင်းသူလေးများက ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့သို့ လူငယ်စကားဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ ထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ရာ  တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)