ကမာရွတ်မြို့နယ် ရန်ကုန်တက္ကသိုလ်ဝင်းသန့်ရှင်းဆောင်ရွက်မှု မြို့တော်ဝန်မှ ကြည့်ရူစစ်ဆေး

ရန်ကုန် ဇန်နဝါရီ ၂၉

ရန်ကုန်တက္ကသိုလ်တွင် ယနေ့နံနက် (၇) နာရီချိန်မှစတင်၍ ကမာရွတ်မြို့နယ် အမှတ် (၉) ရပ်ကွက်တက္ကသိုလ်ရိပ်သာလမ်း (အဓိပတိလမ်းထိပ်မှ အင်းယားလမ်းထိ) မြို့နယ်စည်ပင်ရုံးမှ ဝန်ထမ်းများ၊ လမ်းတံတားမှ ဝန်ထမ်းများ၊ ရေစီးရေလာမှ ဝန်ထမ်းများ၊ ပန်းဥယျာဉ်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများ စုစုပေါင်းအင်အား (၃၅) ဦးဖြင့် လမ်းဘေးဝဲ/ယာရှိ အမြင်မတင့်တယ်သည်များကို ရှင်းလင်းခြင်း၊ အပင်အောက်တက်ရှင်းလင်းခြင်း၊ ရေမြောင်းရှင်းလင်းခြင်း၊ ရေမြောင်းနှာပေါက်များ ရှင်းလင်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ရန်ကုန်မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်အတွင်းရေးမှူး၊ ကော်မတီဝင်များ ဌာနမှူးများနှင့် ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့မှ လာရောက်ကြည့်ရူစစ်ဆးခဲ့သည်။

ထို့နောက် ထွက်ရှိလာသော အမှိုက်များနှင့် သစ်ကိုင်းများကို ရေစီးရေလာ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးမှ မော်တော်ယာဥ်များဖြင့် သိမ်းဆည်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်

စိမ်းလဲ့ (ပြန်/ဆက်)