ဝမ်းတွင်း ဇန်နဝါရီ ၂၉
ပုဂံခေတ် ပေါက္ကံ ရာဇာအနော်ရထာမင်းလက်ထက် ကျန်စစ်သားမင်းနှင့် မိဖုရားခင်တန်တို့ တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်မြတ်ညီနောင်စေတီတော်မြတ်ကြီး၏ ၆၅ ကြိမ်မြောက်ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးတွင် ယနေ့နံနက်ပိုင်းမှစတင်ကာ မြန်မာ့ရိုးရာ နွားအလှနှင့် လှည်းပြိုင်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ရှိ သမိုင်းဝင်မြတ်ညီနောင် စေတီတော် ၂ ဆူသည် အနော်ရထားမင်းကြီး၏သားတော် ကျန်စစ်သားမင်းနှင့် မိဖုရားခင်တန်တို့ တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းသမိုင်းဝင်စေတီတော်ကြီးဖြစ်ပြီး သမိုင်းဝင် အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် ပွဲတော်များကို ယနေ့တိုင် ကျင်းပခဲ့ရာ ၆၅ ကြိမ်မြောက်ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးတွင် မြန်မာ့ရိုးရာနွားအလှနှင့် လှည်းပြိုင်ပွဲကြီးကို ယနေ့နံနက်ပိုင်းမှစတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ မြန်မာ့ရိုးရာနွားအလှနှင့် လှည်းပြိုင်ပွဲကြီးတွင် (၁) နွားကြီးခြေအသွားကျလှည်း၊ (၂) နွားလတ်ခြေအသွာကျလှည်း၊ (၃) နွားငယ်ခြေအသွားကျလှည်း၊ (၄) နွားငယ်ဗလာ ခြေအသွားကျ စသည့်ပြိုင်ပွဲများပါဝင်ကြောင်း သိရသည်။ နေ့ပိုင်းဧည့်ခံဖျော်ဖြေမှုတွင် ခြင်းအလှခတ်ပွဲ၊ မြန်မာသံစဉ်အဆိုင်ပြိုင်ပွဲ၊ ညပိုင်းတွင်လည်း မြို့ရွှေမန်းသားဖိုးချစ်ဇာတ် အလှသဘင်မှ ကပြဖျော်ဖြေသွားမည်ဖြစ်ရာ ဘုရားကုန်းတော်ပေါ်တွင်လည်း ကလေးများ တွက် ပျော်ရွှင်စရာ ချားရဟတ်နှင့် ပင်လယ်ဓားပြ၊ အိုးပုတ် ချိုးရုပ်၊ ဈေးဆိုင်တန်းများနှင့် အနယ်နယ်အရပ်ရပ်က ဘုရားဖူးများ၊ ပွဲလာပတ်ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါ ဝမ်းတွင်းမြို့ရှိ သမိုင်းဝင်မြတ်ညီနောင်စေတီတော်မြတ်ကြီး၏ (၆၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေလွန်းပျံ