သန်လျင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေး

ရန်ကုန် ဇန်နဝါရီ ၃၀

သန်လျင်ခရိုင် သန်လျင်မြို့နယ်ရှိ အခြခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအား အာဟာရကျွေးမွေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အ.ထ.က (၃) ကျောင်းနှင့် အ.ထ.က (၄) ကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ အာဟာရကျွေးမွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များနှင့် ပူးပေါင်းကာ ကျောင်းသား/ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး Grade-1 နှင့် KG တန်း ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြစ်စေမည့် အစားအစာများ ကျွေးမွေးခဲ့ကြသည်။

အဆိုပါအာဟာရကျွေးမွေးရာသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ