တွံတေး ဇန်နဝါရီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၉) နှစ် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒုတိယအကြိမ် ကျောင်းကောင်စီအသင်းလိုက် ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်က အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ကြသည်။
အဆိုပါထမနဲထိုးပြိုင်ပွဲတွင် အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ မဟာဗန္ဓုလအသင်း (၅) သင်း Grade အသီးသီးမှ အသင်းခေါင်းဆောင် ဆရာ၊ ဆရာမများ ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများက ထမနဲထိုးအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ထို့နောက် ထမနဲထိုးပြိုင်ပွဲတွင် အမှတ်ပေးဒိုင်လူကြီးများက အမှတ်ပေးစည်းမျဉ်း စည်းကမ်းနှင့်အညီ ဆောင်ရွက်ခဲ့ရာ ဆုရအဖွဲ့များအား ကျောင်းအုပ်ဆရာကြီး ဦးခင်ဇော်ညွှန့်နှင့် အတန်းမှူးများ၊ မိဘဆရာကျောင်းအကျိုးဆောင်အဖွဲ့များက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မျိုးလှိုင်