ကလောမြို့နယ်အဆင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာ‌ပေးဆွေးနွေးပွဲ ကျင်းပ

ကလော ဇန်နဝါရီ ၃၀

နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုး လွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက် ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်တောင်ပိုင်း၊ က‌လောမြို့ ၊ မြို့နယ်ပညာရေးမှူးရုံး အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီး‌ရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ကလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခိုင်စုစုညိမ်း ကကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်‌ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်‌ကျွေးရခြင်း အသိပညာပေးဆွေးနွေးပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး မိခင်နှင့်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရအဖွဲ့ခေါင်းဆောင် ဆရာဝန် ဒေါက်တာစောမြသစ္စာက ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့်ပတ်သက်၍ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းအစီအစဉ်များ၊ ကာကွယ်ဆေးများ ထိုးနှံလွှမ်းခြုံမှုအခြေအနေနှင့် ၂၀၂၆ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို power point ဖြင့်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ပတ်သက်သည့် ပစ္စည်းနှင့်ပြခန်းတို့ကို ကြည့်ရှုလေ့လာခဲ့ကြရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူးနှင့် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)