မရမ်းကုန်းမြို့နယ်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စု‌‌နေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မရမ်းကုန်း ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်‌နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စု‌‌နေ့အထိမ်းအမှတ် လက်ကမ်းစာ‌စောင်များကို ယနေ့‌နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်ထောင်စုနေ့အ‌ကြောင်း သိကောင်းစရာများကို သိရှိစေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား‌၊‌ ကျောင်းသူများကို ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် သမိုင်းဝင်ပြည်ထောင်စုစာချုပ်၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသူများ၊ တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်ရန်လို၊ ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ နှင်းရည်ဆွတ်ဖျန်းပွင့်ပန်းစုံညီကဗျာ၊ ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ဆောင်ပုဒ်၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်စသည့် အကြောင်းအရာများ ပါဝင်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နေ့ထူးနေ့မြတ်များအ‌ကြောင်း၊ အသိပညာပေးဆိုင်ရာ လက်ကမ်းစာ‌စောင်များကို ပြည်သူများ သိရှိနိုင်‌စေရန် စဉ်ဆက်မပြတ် အခမဲ့ဖြန့်ဝေဆောင်ရွက်လျက်ရှိပါသည်။

ရဲထွန်း (ပြန်/ဆက်)