မိုးနဲ ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ဒေသခံပြည်သူများအား မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ာ့ချရေး၊ ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၃၀ ရက် နံနက် ၈ နာရီအချိန်က နားခံကျေးရွာအုပ်စု၊ ပန်အူကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က နိုင်ငံဖြတ်ကျော်မီးခိုးမြူငွေ့သည် လူ့ကျန်းမာရေးနှင့်သဘာဝပတ်ဝန်းကျင်ကို ကြီးမားသည့်အန္တရာယ်တစ်ရပ်ဖြစ်စေကြောင်း၊ မီးရှို့မှုများ၊ သစ်တောမီးများ၊ လယ်ယာမြေရှင်းလင်းမီးရှို့မှုများမှ ထွက်လာသော သေးငယ်သောအမှုန်အမွှားများသည် လူ့ခန္ဓာကိုယ်အတွင်းသို့ လွယ်ကူစွာ ဝင်ရောက်နိုင်၍ ကျန်းမာရေးအတွက် အလွန်အန္တရာယ်ကြီးမားကြောင်းစသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်အောင်အောင်က မီးခိုးမြူငွေ့ဖြစ်ပေါ်ရသည့် အဓိကကြောင်းအရင်းများ၊ တောမီးလောင်မှုကြောင့် သဘာဝပတ်ဝန်းကျင်လေထုညစ်ညမ်းရခြင်း၊ တောမီးမလောင်အောင်ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်လေထုညစ်ညမ်မှုများ မဖြစ်အောင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ သစ်တောထိန်းသိမ်းရေး၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့် သဘာဝဘေးဒဏ်များမှကာကွယ်ပေးခြင်းဆိုင်ရာများကို Video Clip ဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
မျိုးညွှန့်ရွှေ(မိုးနဲ)