သုံးခွ ဇန်နဝါရီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ KG ကျောင်းသား၊ ကျောင်းသူများအား နေ့လယ်စာအာဟာရ ကျွေးမွေးခြင်းကို ယမန်နေ့ နေ့လယ် (၁၁) နာရီက အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
အာဟာရကျွေးမွေးရာ၌ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းရှိ KG ကျောင်းသား၊ ကျောင်းသူ (၄၃) ဦးတို့အား ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရန် အသားဓါတ်၊ ကစီဓါတ်၊ အဆီဓါတ်၊ ဗီတာမင်ဓါတ်၊ သတ္တုဓါတ်နှင့် ရေဓါတ်စသည် တို့ပါဝင်သော အာဟာရဖြစ်စေမည့် ထမင်း၊ ရွှေဖရုံသီဟင်း၊ ပဲ၀ါလေးဟင်း၊ ကြက်ဥ၊ ဖီးကြမ်းငှက်ပျောသီးစသည့် အာဟာရပြည့်ဝသည့် စားသောက်ဖွယ်ရာများအား ကျွေးမွေးခဲ့ကြသည်။
နေ့လယ်စာအာဟာရ ကျွေးမွေးခြင်းကို ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၁၄၇) ကျောင်းရှိ KG ကျောင်းသား၊ ကျောင်းသူ (၁၃၁၆) ဦးတို့အား ဆက်လက်ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)