သင်္ဃန်းကျွန်း ဇန်နဝါရီ ၃၀
ရန်ကုန်တိုင်းဒေသကြီးရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းနှင့် အဖွဲ့ဝင်များသည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်မည့် ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးကြိုတင်စစ်ဆေးခြင်းအား ၂၀၂၆ ခုနှစ် ယမန်နေ့ ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက တော်ဝင်သဇင်ခန်းမခင်းကျင်းထားမှု၊ ကျောင်းရှေ့မြက်ခင်းပြင်တွင် ကျောင်းသား၊ ကျောင်းသူများအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဂိမ်းကစားမည့် နေရာ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပညာပေးပြခန်း၊ ကြက်ခြေနီတပ်ဖွဲ့၏ ပညာပေးပြခန်းများ၊ မြန်မာ့ရိုးရာသနပ်ခါးပြခန်း၊ မီးသတ်တပ်ဖွဲ့ပညာပေးပြခန်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ပညာပေးပြခန်းများ၊ ယာဥ်ထိန်းရဲ ပညာပေးပြခန်းများ၊ စာအုပ်စာစောင်ပြခန်းများ၊ ကျောင်းဆောင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာအုပ်/စာစောင်ပြခန်း၊ ကာယ/ဉာဏ စွမ်းရည်ယှဉ်ပြိုင်မည့် အခန်းနေရာများ၊ အခမ်းအနားဖွင့်ပွဲ ကျင်းပပြုလုပ်မည့်နေရာနှင့် အစီအစဥ်များ စသည်တို့အား ကျောင်းတာဝန်ရှိသူ၊ ပြခန်းတာဝန်ရှိသူနှင့် ဌာနတာဝန်ရှိသူတို့အား အခမ်းအနားစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် တင်ပြလာသည့် ကိစ္စရပ်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်မိုး