တော်ဝင်လင်း(REBC)ကိုယ်ပိုင်အထက်တန်းကျောင်း  ပညာရည်ချွန်ဆုပေးပွဲကျင်းပ

မန္တလေး ဇန်နဝါရီ ၃၁

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် သီရိမာလာအနောက်(ပိုက်ကျုံး)ရပ်ကွက်၊ ကမ်းနားလမ်း၊၂၂×၂၆လမ်းကြားရှိ တော်ဝင်လင်း(REBC)ကိုယ်ပိုင်အထက်တန်းကျောင်း၊ ပညာရေးမိသားစု၏ (၂၂)နှစ်မြောက် နှစ်ပတ်လည်ပဒေသာကပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကို ဇန်နဝါရီလနောက်ဆုံးပတ်ကဟိုတယ်မန္တလေးတွင်ကျင်းပသည်။

အခမ်းအနားတွင် ကျောင်းတည်ထောင်အုပ်ချုပ်သူက အမှာစကားပြောကြားပြီး တာဝန်ရှိသူများက တန်းစဉ်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပေးကြကြောင်းသိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)