မြစ်သား ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် အနော်ရထာခန်းမ၌ အကြမ်းဖက်မှုဖြစ်စဥ်များကြောင့် ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာနေထိုင်သူများအတွက် ငွေများပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၃ နာရီက ပေးအပ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကာ်မတီဥက္ကဋ္ဌ ဦးမင်းအောင်က ယာယီနေရပ်စွန့်ခွာနေထိုင်သူများအတွက် ငွေများပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကာ်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရပ်ကွက် ၇ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၉ အုပ်စုအတွင်းမှ ယာယီနေရပ်စွန့်ခွာနေထိုင်သူများကို တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် သုံးလအတွက် ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့် လူဦးရေ ၈၅၇ ဦးအတွက် ငွေကျပ် ၅၁,၄၂၀,၀၀၀ ကိုပေးအပ်ခဲ့ကြောင်းသိရသည်။
ဝါဝါမြင့် (မြစ်သား)