မြစ်သားမြို့နယ်၌ ယာယီနေရပ်စွန့်ခွာနေထိုင်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်

မြစ်သား ဖေဖော်ဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အကြမ်းဖက်မှုဖြစ်စဥ်များကြောင့် ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာနေထိုင်သူများအတွက် ငွေများပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၃ နာရီအချိန်က မြစ်သားမြို့နယ် အနော်ရထာခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကာ်မတီဥက္ကဋ္ဌ ဦးမင်းအောင်က ယာယီနေရပ်စွန့်ခွာနေထိုင်သူများအတွက် ငွေများပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၉ အုပ်စုအတွင်းမှ ယာယီနေရပ်စွန့်ခွာနေထိုင်သူများကို တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀/- ၃လအတွက် ၆၀၀၀၀/-နှုန်းဖြင့် လူဦးရေစုစုပေါင်း ၈၅၇ ဦးအတွက် ၅၁,၄၂၀,၀၀၀/-ကျပ်ကိုပေးအပ်ခဲ့ သည်

ယာယီနေရပ်စွန့်ခွာနေထိုင်သူများအတွက် ငွေပေးအပ်ပွဲသို့ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကာ်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ယာယီနေရပ်စွန့်ခွာနေထိုင်သူများ စုစုပေါင်းအင်အား ၈၀၀ ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်

ဝါဝါမြင့် (မြစ်သား)