တံတား ဖေဖော်ဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၌ အသက် (၂) နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် (၈) နာရီက ကျေးလက်ကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လာရောက်ထိုးနှံသည့် မိခင်နှင့် အသက် (၂) နှစ်အောက် ကလေးများအား ကျန်းမာရေးဝန်ထမ်းများမှ အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမြှေးရောင်၊ နမိုးနီးယားကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေးနှင့် ထိုးဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေး၊ ဝမ်းရောဂါကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို အလှည့်ကျစနစ်ဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
အဆိုပါဆေးထိုးနှံပေးခြင်းများကို မြို့အတွင်းရှိ အသက် (၂) နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးဝန်ထမ်းဆရာမများက အဖွဲ့များခွဲ၍ ရပ်ကွက်၊ ကျေးရွာများရှိ စုရပ်အသီးသီးတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်သူဇာ(ပြန်/ဆက်)