ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီမှူးကျင်းပသည့် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်းရှိ ကောင်စီဆောင်ရှေ့ မြက်ခင်းပြင်တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အကဲဖြတ် ဒိုင်အဖွဲ့များ၊ ထမနဲထိုးပြိုင်ပွဲဝင်အသင်းများ၊ ဖျော်ဖြေရေးအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြိုင်ပွဲဝင်အသင်းများက သတ်မှတ်နေရာများ၌ နေရာယူကြပြီး အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာကာ ပြိုင်ပွဲဝင်အသင်းများအား ဒိုင်အဖွဲ့များက လိုက်လံကြည်ရူ့စစ်ဆေးကြသည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းများက ထမနဲထိုးပြိုင်ပွဲကို ယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့်အဖွဲ့ လိုက်လံကြည်ရူ့အားပေးကြသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သမ့်ဆုနှင့် အထူးဆုရရှိသည့် အသင်းများ၊ ဖျော်ဖြေရေးအဖွဲ့များနှင့် ဒိုင်အဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)