လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

ဗဟန်း ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် ယနေ့နံနက် ၉ နာရီက ချစ်ခြင်းအက္ခရာစာစဉ်အဖွဲ့မှ ထုတ်ဝေသော သုတ၊ ရသ စာပေပျိုးခင်း စာအုပ်အမှတ် (၁၄) စဉ့်အိုးလေး စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ချစ်ခြင်းအက္ခရာစာစဉ်အဖွဲ့ နာယကများ၊ အယ်ဒီတာအဖွဲ့ဝင်များ၊ စာတည်းမှူးချုပ်၊ အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး ဆောင်းဝင်းလတ်၊ အမျိုးသားစာပေဆုရှင် မိချမ်းဝေ၊ စာပေဗိမာန်စာမူဆုရှင် ဆရာသန်လျင်မောင်မောင်ဦးနှင့် စာပေစိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ဦးစွာ ချစ်ခြင်းအက္ခရာစာစဉ်အဖွဲ့ အယ်ဒီတာအဖွဲ့ဝင် ဆရာမနန်းဟင်းပြင်းက ဂုဏ်ပြုတေးထပ်ကဗျာရွတ်ဆိုပြီး ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ရသစာစဉ်အဖွဲ့နာယကဆရာ အောင်ကျော်ဆွေ (သန်လျင်)နှင့် ဆရာမကြီးလေးခင် (တော်ဝင်ပန်း) က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အမျိုးသားစာပေဆုရှင် စာရေးဆရာကြီးဆောင်းဝင်းလတ်၊ စာရေးဆရာမမိချမ်းဝေ၊ စာရေးဆရာမညွှန့်ညွှန့် (ကလော) နှင့် စာပေဗိမာန်စာမူဆုရှင် ဆရာသန်လျင်မောင်မောင်ဦးတို့ ကမုဒိတာစကားများ ပြောကြားခဲ့ပြီး ရသစာပေ စာတည်းမှူးချုပ်စာရေးဆရာ မြင့်မြတ်အောင်မြင်က အက္ခရာစာစဉ်အဖွဲ့မှ ထုတ်ဝေသော သုတ၊ ရသစာပေပျိုးခင်း စာအုပ်အမှတ် (၁၄) စဉ့်အိုးလေး စာအုပ်ကိုထုတ်ဝေဖြစ်ပုံနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသကာ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားသို့ ကြွရောက်လာကြသူများက ကြည့်ရှုအားပေးကာ ဆရာမြင့်မြတ်အောင်မြင်ကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းး သိရသည်။

ခရိုင်(ပြန်ဆက်)