ကိုကိုးကျွန်း ဖေဖော်ဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Women Club အဖွဲ့မှ စာရေးဆရာ မောင်နေခြည်ရေးသားသော "သူတို့လောကသူတို့ဘဝ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှူး ဒေါ်အေးမြင့်သူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး ဦးဆောင်ဆွေးနွေးသူအဖြင့် ဒုတိယဦးစီးမှူးနှင့် WomenClub အဖွဲ့ဝင်များက အဆိုပါစာအုပ်မှ အကြောင်းအရာများကို အချင်းချင်းအပြန်အလှန် မိမိတို့ထင်မြင်ယူဆချက်များအား ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းများ ကျင်းပပေးခြင်းကြောင့် Club အဖွဲ့များ တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုရှိခြင်း၊ တစ်ဦးကရရှိသည့် ဗဟုသုတကို အခြားသူများသို့ ဆက်လက်ဝေမျှနိုင်ခြင်း၊ စာဖတ်အားပိုမိုကောင်းမွန်လာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)