မဟာ‌အောင်မြေမြို့နယ်၌ အသက် ၉ နှစ်မှ ၁၂ နှစ်အထိ မိန်းကလေးငယ်များအား(HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံ

မဟာအောင်မြေ ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်အတွင်းရှိ အသက် ၉ နှစ်မှ ၁၂ နှစ်အထိ  (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် စင်္ကြာနွယ်ရပ်ကွက်ရှိ သီလရှင်ဆရာလေးများအား ထိုးနှံပေးသည်။

ထိုသို့ (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့် အသက် ၉ နှစ်မှ ၁၂ နှစ်အထိ အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း၊ HPVကာကွယ်ဆေးသည် ကင်ဆာရောဂါကို ကာကွယ်နိုင်သည့် ဆေးတစ်မျိုးဖြစ်ကြောင်း၊ (HPV) ပိုးကြောင့် ဖြစ်တတ်သည့် သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပွားတတ်သည့် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာ အားလုံးနီးပါးသည် (HPV)ပိုးကြောင့်ဖြစ်ကြောင်း ကျန်းမာ‌ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၂၅ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၁၅ ရက်အထိ ပြည်သူလူထုအခြေပြုအနေဖြင့် တစ်နှစ်တစ်ကြိမ်ထိုးပေးခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိ‌အမျိုးသမီးငယ်များအား ယခုလအတွင်း ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အောင်ဇော်မင်း