သာကေတ ဖေဖော်ဝါရီ ၄
သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနနှင့် မြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ၊ လက်ကားကိုယ်စားလှယ်များမှ ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက အကြိမ် (၂၀) မြောက်အဖြစ် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆီများလှူဒါန်းခဲ့ကြသည်။
ယင်းသို့ လှူဒါန်းရာ ၁၀/မြောက်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း (၁၂) ကျောင်းဖြစ်သည့် ဝိဇ္ဇာလင်္ကါရကျောင်း၊ ရတနာကျောင်း၊ သာသနာ့ဝိဇ္ဇာကျောင်း၊ အောင်ဆုထူးကျောင်း၊ ရတနာ့ဂုဏ်ရည်ကျောင်း၊ ရွှေသိမ်ဓမ္မသိင်္ဂီကျောင်း၊ ရွှေဟင်္သါကျောင်း၊ တိုးတက်အောင်ကျောင်း၊ အောင်မင်္ဂလာကျောင်း၊ ဓမ္မဂုဏ်ရည်ကျောင်း၊ အပ္ပမဒကျောင်းနှင့် မဟာဝိသုဒ္ဓိကျောင်းတို့ကို သာကေတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ/လက်ကားကိုယ်စားလှယ် (၁၁) ဦးတို့ဖြစ်ကြသည့် ဦးအောင်စိုး၊ ဦးမောင်မြင့်၊ ဒေါ်မော်ဇင်ယု၊ ဒေါ်အေးအေးနွဲ့၊ ဒေါ်မြတ်မြတ်သင်း၊ ဒေါ်တင်မျိုးခိုင်၊ ဒေါ်အိသန္တာကျော်၊ ဦးအောင်အောင်၊ ဦးအုန်းကျော်၊ ဒေါ်နန်းသီတာထွန်းနှင့် ဦးချိုဝင်းတို့က ကျောင်းတစ်ကျောင်းလျှင် ဆီ (၁၀) ပိသာဝင် တစ်ပုံးစီနှင့် ၂၄ ပြည်ဝင် ပေါ်ဆန်းမွေးဆန် တစ်အိတ်နှုန်းဖြင့် စုစုပေါင်း ဆီ (၁၂) ပုံးနှင့် ပေါ်ဆန်းမွေးဆန် (၁၂) အိတ်တို့အား လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက်လည်း အနုမောဒနာတရားနာယူကာ ရေစက်သွန်းချခဲ့ကြသည်။
သဲထက်ဇင် (ပြန်/ဆက်)