လဲချားမြို့နယ် အ.လ.က (၁) ကျောင်းတွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့်‌ နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

လဲချား ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်းတွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့်‌ နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဦးစီးအရာရှိဒေါ်ခင်ချိုထွေး‌က ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားစေစေရန်အတွက် ရည်ရွယ်၍ အခြေခံပညာကျောင်းများကို လှည့်ကျစနစ်ဖြင့် ယခုလိုပြပွဲများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး (၇၉) နှစ်မြောက် ပြည်‌ထောင်စုနေ့နှင့်ပတ်သက်၍ ဟောပြောခဲ့သည်။

ဆက်လက်၍လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ မူးယစ်အန္တာရာယ်အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူ အင်အား (၃၈၃) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)