သုံးခွမြို့နယ်အတွင်းရှိ အထူးကုဆေးခန်းများအား စနစ်တကျရှိစေရေးကွင်းဆင်းစစ်ဆေး

သုံးခွ ဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်ရှိ အေးမေတ္တာအထူးကုဆေးခန်း၌ ဆေးဝါးများစနစ်တကျရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ခွဲ) မှ တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ခွဲ) မှ ဒေါက်တာညီညီဝင်း (ဒုတိယညွှန်ကြားရေးမှူး) ဦးဆောင်၍ ဝန်ထမ်းများက အေးမေတ္တာအထူးကုဆေးခန်း၌ ဆေးဝါးများ စနစ်တကျရောင်းချမှု ရှိ/မရှိနှင့် စာရွက်စာတမ်းများ ပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါက်တာညီညီဝင်း (ဒုတိယညွှန်ကြားရေးမှူး) နှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းဦးနှင့် ဝန်ထမ်းများ ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်ကျော်၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)