လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲကျင်းပ

လှိုင်သာယာ ဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ နံနက် (၁၀) နာရီ၌ အမှတ် (၇) ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အမှတ် (၅) ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်၀င်းမူက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း၊ စာဖတ်ခြင်းဖြင့် မှတ်ဉာဏ်များလည်း ကောင်းစေကြောင်းနှင့် ကျောင်းစာများအပြင် ပြင်ပဗဟုသုတစာပေများကိုလည်း ဖတ်ရှုရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် စကားပုံဆက်ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများမှ ပါ၀င်ယှဉ်ပြိုင်ကြပြီး အသ်ပညာပေးနံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင်များကို ခင်းကျင်းပြသလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများမှ လေ့လာဖတ်ရှုလျက်ရှိသည်။

ခင်၀င်းမူ (ပြန်/ဆက်)