ကျုံပျော် ဖေဖော်ဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ အခြေခံပညာကျောင်းအသီးသီးတွင် Grade-1 ,2,3,4,6,7,8,10,11 တို့မှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီလ ၄ ရက်နေ့နံနက် ၉ နာရီအချိန်က စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျုံပျော်မြို့နယ်တွင် အထက်တန်းကျောင်း (၁၈) ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၇)ကျောင်း၊ အလယ်တန်း ကျောင်း (၂၁)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၄)ကျောင်း၊ မူလတန်းကျောင်း (၁၈၅)ကျောင်းနှင့် မူလတန်း ကျောင်း(ခွဲ)(၇)ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်း (၂၅၂) ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၂)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃) ကျောင်း၊ စုစုပေါင်း (၂၅၇) ကျောင်းတို့တွင် နှစ်ဆုံးစာမေးပွဲ များကို ကျောင်းသား၊ ကျောင်းသူများက အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)