ကလေးဝ ဖေဖော်ဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင်မြို့မစျေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါမြို့မစျေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးသိင်္ခနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးနေလင်းနှင့်အဖွဲ့ဝင်များ စျေးသူစျေးသားများ တက်ရောက် ခဲ့ကြသည်။
သရုပ်ပြပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးသိင်္ခက မီးသတ်ဆေးဗူး အသုံးပြုပုံအသုံးပြုနည်းကို ရှင်းလင်းပြောကြား၍ မြို့မစျေးကြီးရှိ စျေးရောင်းချသူများက လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခဲ့ပြီး မီးသတ်ကားများဖြင့်လည်း မြို့မစျေးကြီးအား သရုပ်ပြမီးငြှိမ်းသတ်ခဲ့ကြသည်။
ထို့နောက် မြို့မစျေးကြီးအတွင်းရှိ မီးသတ်ရေငုတ်ရေပိုက်များ၊ မီးသတ်ဆေးဘူးများကို ကောင်းမွန်စွာ အသုံးပြုနိုင်ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)