ကျွန်းလှ ဖေဖော်ဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၅ နှစ်အောက်ကလေးများအား ပိုလီယိုကာကွယ်ဆေးကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆက်လက်တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ကာကွယ်ဆေးထိုးဆေးတိုက် အစီအစဉ်ဖြင့် ကျွန်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် ၅ နှစ်အောက်ကလေးများအား ပိုလီယိုကာကွယ်ဆေးကို အပိုဆောင်းအဖြစ်တိုက်ကျွေးပေးခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ