မဟာအောင်မြေမြို့နယ်၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပ

‎‎မဟာအောင်မြေ ဖေဖော်ဝါရီ ၅

‎‎မဟာအောင်မြေမြို့နယ် အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်း‌က ကျင်းပပြုလုပ်သည်။

‎‎ရှေးဦးစွာ အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီးက (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

‎‎ဆက်လက်၍ ပြိုင်ပွဲကို ကျင်းပရာ မဟာအောင်မြေမြို့နယ် အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

‎‎အောင်ဇော်မင်း