မိုးနဲ ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ မြက်ခင်းကွင်းပြင်နေရာ၌ ယနေ့နံနက် ၈ နာရီအချိန်က စတင်ကာ ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြီးကြပ်ပေးလျက်ရှိရာ ဆောက်လုပ်ရေးအဖွဲ့ဝင်များက စင်ခိုင်ခန့်မှုရှိစေရေး စနစ်တကျ ဝိုင်းဝန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ်တွင် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်ကျင်းပသွားမည်ဖြစ်ပြီး သဝဏ်လွှာဖတ်ကြားခြင်း၊ ဆုချီးမြှင့်ခြင်းနှင့် အကအလှများဖြင့် စည်ကားစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်ကိုကို