ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေယာဉ်များ ကွင်းဆင်းစစ်ဆေးမှုကို ဖေဖော်ဝါရီ ၃ ရက်နေ့က ဈေးပိုင်းရပ်ကွက်သင်္ဘောဆိပ်တွင် ကွင်းဆင်းဆောင်ရွက်ဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်ဆောင်ရွက်မှုအား မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးအောင်မျိုးထွန်း ဦးဆောင်မှုတို့ဖြင့် သန္ဓေတပ်ဖွဲဝင်များက ကွမ်းခြံကုန်းမြို့နယ်တွင် ပြေးဆွဲလျက်ရှိသော ရေယာဉ်များအား မီးဘေးလုံခြုံရေးနှင့် Life Jacket ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးမှုအား မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးထွန်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များ ရေယာဉ်ဂိတ်မှူး ဦးမိုးဇော်နှင့် ဝန်ထမ်းများ ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)