ကျောက်တန်း ဖေဖော်၀ါရီ ၅
သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် ဆင်ကန်ရပ်ကွက်ရပ်ကွက် အောင်ချမ်းသာလမ်း ချွန်ပုဂ္ဂလိကအခြေခံပညာကျောင်းအား မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (fire safety certificate) (FSC) ကနဦးဆောင်ရွက်ခြင်းကို ဖေဖော်၀ါရီ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါမီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate) ကနဦးဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ သတ်မှတ်ညွှန်ကြားချက် လုပ်ထုံလုပ်နည်းနှင့် ကိုက်ညီမှု ရှိ/မရှိအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထင်အောင်လင်း ဦးဆောင်သောအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်/ဆက်)