ဒဂုံ ဖေဖော်ဝါရီ ၅
ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား နယ်လှည့်စာကြည့်တိုက် Mobile Library စနစ်ဖြင့် သုတ၊ ရသစာအုပ်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်အတွင်းရှိ ပြည်သူများ အလွယ်တကူစာပေဖတ်ရှုနိုင်ရေး၊ အသိပညာဗဟုသုတရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပတ်စဉ်နယ်လှည့်စာကြည့်တိုက် (Mobile Library) စနစ်ဖြင့် စာအုပ်များကို အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် အသိပညာပေးလုပ်ငန်းများ၊ လူငယ်ရေးရာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများကိုလည်း လစဉ်ဆောင်ရွက်လျက်ရှိပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်ကိုလည်း အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ ဖွင့်လှစ်ကာ ပြည်သူများ အခမဲ့ဖတ်ရှုနိုင်ရေးဝန်ဆောင်မှုပေးထားကြောင်း သိရသည်။
ဉာဏ်မင်းပြည့် (ပြန်/ဆက်)