ရန်ကင်းမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် ရှေးဦးလက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်

ရန်ကင်း ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အမှတ် (၁၅) ရပ်ကွက် မိုးကောင်းလမ်းရှိ မိုးကောင်းရတနာဆေးရုံးမှ ဝန်ထမ်းများအား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း နှင့်ရှေးဦးလက်တွေ့ မီးငြိမ်းသတ်ရေးသရုပ်ပြလေ့ကျင့်ခြင်းကို ဖေဖော်ဝါရီ ၃ ရက်နေ့ နေ့လယ် ၃ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိုးကောင်းရတနာဆေးရုံမှ ဝန်ထမ်းများအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်းမှ မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ဟောပြောဆွေးနွေးကာဝန်ထမ်းများအား မီးသတ်ဆေးဘူးအသုံးပြု၍ ရှေးဦးမီးငြိမ်းသတ်ရေး လေ့ကျင့်ဆောင်ရွက်ပေးခဲ့ရာ ဝန်ထမ်းအင်အား (၆၅) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ပါဝင်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

လှလှထွေး (ပြန်/ဆက်)