မြောက်ဥက္ကလာပမြို့နယ်၌ ကြက်ဥများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ

မြောက်ဥက္ကလာပ ဖေဖော်ဝါရီ ၅

‌ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အများပြည်သူများသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်း သတ်မှတ်စုရပ်နေရာများတွင် ရောင်းချပေးခဲ့ကြသည်။

ထို့သို့ ရောင်းချပေးရာတွင် ကြက်ဥတစ်လုံး ၃၆၅ ကျပ် နှုန်းဖြင့် ကြက်ဉအလုံးရေ ၁၀၅၀၀ လုံးအား မြို့နယ်အတွင်းရှိ (ဇ) ရပ်ကွက်၊ ဥဇ္ဇနာလမ်း၊ (ဂ) ရပ်ကွက်၊ နီလာလမ်း၊ (ရွှေပေါက်ကံ/၁၄) ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းရပ်ကွက်များအလိုက် တာ၀န်ရှိသူများက စနစ်တကျဖြန့်ဝေရောင်းချပေးရာ မြို့နယ်ဌာနဆိုင်ရာတာ၀န်ရှိသူများ ကြီးကြပ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊စည်ပင်သာယာရေး၀န်ထမ်းများက လိုအပ်သည်များကို ဝိုင်း၀န်းကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)