ဒဂုံမြောက် ဇန်နဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၃၃) ရပ်ကွက်ရှိ သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၁၄) ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူ ပထမနေ့ဖြစ်သည့် ဇန်နဝါရီ ၃ ရက်နေ့မှ စတင်၍ မျက်စိလူနာများကို စမ်းသပ်စစ်ဆေးပေးလျက်ရှိသည်။
သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၁၆) ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူတွင် လာရောက်စာရင်းပေးထားသူ မျက်စိကုသမည့် လူနာ ၁၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။ သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၁၅) ကြိမ်မြောက် မျက်စိအလင်းအလှူတွင် ၂၇၅ ဦးအား စမ်းသပ်စစ်ဆေးပေးပြီး၊ ခွဲစိပ်ကုသသူ ၁၉၆ ဦးနှင့် လေဆာဖြင့် ကုသသူ ၁ ဦး၊ စုစုပေါင်း (၁၉၇) ဦးအား မျက်စိအလင်းပေးလှူနိုင်ခဲ့ပြီး ၁၄ ကြိမ်မြောက်မှ လက်ကျန်မျက်စိဝေဒနာရှင်များကိုသာ ကုသပေးခြင်းဖြစ်ကြောင်း သိရသည်။
(၁၅) ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအထိ မျက်စိဝေဒနာရှင် ၁၈၄၉၅ ဦးအား စမ်းသပ်စစ်ဆေးပေးခဲ့ပြီး ခွဲစိပ်ကုပေးခဲ့သည့် မျက်စိဝေဒနာရှင် ၅၆၂၀ ဦး၊ လေဆာပစ်ကုပေးခဲ့သည့် မျက်စိဝေဒနာရှင် ၃၆၂ ဦး စုစုပေါင်း ၅၉၈၂ ဦးတို့အား မျက်စိအလင်းအလှူပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ရီ