မြောက်ဥက္ကလာပမြို့နယ်၌ ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မူကြိုကလေးများအား ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်

မြောက်ဥက္ကလာပ ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မှော်ဘီခရိုင်နှင့် မရမ်းကုန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ပြည်ထောင်စုနေ့အကြိုအဖြစ် ကြီးမှူးကျင်းပသော မူကြိုကလေးများအား ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နေ့လယ် ၁ နာရီအချိန် (ဌ)ရပ်ကွက်၊ စကားဝါလမ်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းခွဲ မူကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မရမ်းကုန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးက အမှာစကားပြောကြားပြီး ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုအဖြစ် ကျင်းပသော မှော်ဘီခရိုင်နှင့် မရမ်းကုန်းခရိုင်တို့မှ မူကြိုကလေးငယ်များ၏ ကာယ၊ ဉာဏယှဉ်ပြိုင်မှုများဖြစ်သော အရုပ်ကောက်ပြိုင်ပွဲ၊ ရေသန့်ဘူးခွက်စွပ်ပြိုင်ပွဲ၊ ဘောလုံးဖောက်ပြိုင်ပွဲ၊ နွေ၊ မိုး၊ ဆောင်းသုံးရာသီ ဆေးရောင်ခြည်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲများကို မူကြိုကလေးငယ်များက အသီးသီးပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းနောက် မူကြိုကလေးများက တေးသီချင်းအမျိုးမျိုးဖြင့် ကပြဖျော်ဖြေခဲ့ကြရာ ကလေးငယ်များအား အမှတ်တရဂုဏ်ပြုလက်ဆောင်များနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြောက်ဥက္ကလာပမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆရာမအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့သည်။

အဆိုပါ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးနှင့်အဖွဲ့ဝင်များ၊ မှော်ဘီခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မရမ်းကုန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်မာလွင်နှင့်အဖွဲ့ဝင်များ၊ ‌မြောက်ဥက္ကလာပမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဇင်မာ‌အောင်နှင့်အဖွဲ့ဝင်များ၊ မရမ်းကုန်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ မှော်ဘီမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ လှိုင်မြို့နယ် မိခင်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ထန်းတပင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည့်များ၊ အလှူရှင်များ၊ ကလေးသူငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)