မဟာအောင်မြေ ဖေဖော်ဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲကို ယနေ့နံနက် ၉ နာရီက သင်္ချာဘာသာရပ်ကို ဆက်လက်ဖြေဆိုကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် (Grade-4) ကျောင်းသား၊ ကျောင်းသူများက တစ်နေ့လျှင် ဘာသာရပ်နှစ်ခုအား ဖြေဆိုခဲ့ကြပြီး (Grade-6၊ Greade-7၊ Grade-8၊ Grade-10၊ Grade-11) ကျောင်းသား၊ ကျောင်းသူများက တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့် နံနက် ၉ နာရီမှ ၁၂ နာရီထိ ဖြေဆိုမည်ဖြစ်သည်။ (Grade-12) ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၅ ခုနှစ်၊ အထက်တန်းအဆင့် နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအဆင့် (ကျောင်းတွင်းစစ်) နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများကို ဖေဖော်ဝါရီ ၄ ရက်မှ ဖေဖော်ဝါရီ ၁၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မဟာအောင်မြေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့မှလည်း ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း