မိုင်းဖြတ်မြို့နယ်၌ စိုပျိုးလယ်ယာမြေများ ရေလွှမ်းမိုးမှုဘေးမှ ကာကွယ်နိုင်ရေး နမ့်မယ်ဟုတ်ချောင်း ပြုပြင်လျက်ရှိ

မိုင်းဖြတ် ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုင်းဟဲကျေးရွာအုပ်စုအတွင်းရှိ နမ့်မယ်ဟုတ်ချောင်း တုတ်တန်းရိုက်၊ သဲအိတ်ချကာရံခြင်း၊ ချောင်းလမ်းကြောင်းပြန်လည်ဖော်ဆောင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ဖေဖော်ဝါရီလ ၅ ရက် နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးနှင့် ကော်မတီဝင်များသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ဖြည့်စွက်ရန်ပုံငွေ ကျပ်သန်း (၇၆.၈၉၇) ကျပ်သန်းဖြင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် ဝသု‌န္ဒြေဖြိုးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် တုတ်တန်းရိုက် သဲအိတ်ချကာရံခြင်းလုပ်ငန်း အလျား (၃၅၀) ပေ၊ ချောင်းတူးခြင်းလုပ်ငန်း အလျား (၁၂၀၀) ပေ အတိုင်းအတာရှိ လုပ်ငန်းများဆောင်ရွက်နေသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးစီးအရာရှိ (မြို့ပြ) ဦးဇော်မင်းဦး၊ ဒုတိယဦးစီးမှူး (မြို့ပြ) ဦးကောင်းမြတ်ဇော်တို့က ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးစီးပါက နှစ်စဉ် မိုးရာသီကာလ၌ ချောင်းအနီးရှိ ကျေးရွာများမှ ဝမ်ကပ်၊ပါဝုန်း၊ ဟိုခန့်ရွာရှိ တောင်သူများ၏ လယ်မြေ (၂၁၀) ဧကကို ရေကြီးနစ်မြှုပ်မှု‌ဘေးမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)