ပျဉ်းမနား ဖေဖော်ဝါရီ ၆
နေပြည်တော်ကောင်စီနယ်မြေအတွင်း ပြေးဆွဲလျက်ရှိသည့် လူစီးသုံးဘီယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်၌ ကျင်းပသည်။
ဦးစွာ နေပြည်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးဘချစ်က လူစီးသုံးဘီယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးအောင်နိုင်က လူစီးသုံးဘီယာဉ် ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းများအား လိုင်စင်အမျိုး အစားများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောသည်။
ယင်နောက် နေပြည်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲအုပ်ဌေးလွင်(ခ) နေမျိုးသူရက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို အသေးစိတ်ရှင်းလင်းဟောပြေဆွေးနွေးသည်။
ထို့နောက် BAJAJ သုံးဘီးကုမ္ပဏီမှတာဝန်ရှိသူများက မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)