သာစည် ဖေဖော်ဝါရီ ၆
ပွင်းလင်းခြောက်သွေ့သော ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ရာ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဖေဖော်ဝါရီ ၆ ရက်က မြို့ပေါ်ရပ်ကွက်များရှိ မီးသတ်အုတ်ရေလှောင်ကန်များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ရေလှောင်ကန်များ၏ အကျယ်အဝန်း၊ ရေသိုလှောင်ဝင်ဆံ့နိုင်သည့် ပမာဏတို့ကို တိုင်းတာခြင်းများ ဆောင်ရွက်ပြီး ရေဖြည့်တင်းရန် လိုအပ်သည့်ကန်များကို ရေဖြည့်တင်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ မြို့ပေါ်ရပ်ကွက်များ၌ စုစုပေါင်းရေဂါလံ ၃၁၉၀၀ ဆံ့ မြေပေါ်အုတ်ရေလှောင် ကန် ၈ ခု၊ စုစုပေါင်းရေဂါလံ ၁၆၅၀၀ ဆံ့ ရေစင် ၂ ခုနှင့် စုစုပေါင်းရေဂါလံ ၃၂၃၇၅၀ ဆံ့ မြေအောက်အုတ်ရေကန် ၅ ခုတို့ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)