ချောင်းဆုံ ဖေဖော်ဝါရီ ၆
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများ ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက နတ်မှော်ကျေးရွာ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ် ပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို နတ်မှော်ကျေးရွာရှိ ရပ်မိ/ရပ်ဖများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင််များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇော်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောကာ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများ မီးသတ်ဆေးဘူးအသုံးပြုပုံ အဆင့်ဆင့်နှင့် မီးငြိမ်းသတ်နည်း သရုပ်ပြခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ကိုကျော် (ချောင်းဆုံ)