ကျိုက်ထို ဖေဖော်ဝါရီ ၆
မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ်ရှိပြည်သူများ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းကို မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဝေယံအောင် ဦးဆောင်မှုဖြင့် ဝန်ထမ်းများမှ ယမန်နေ့ မွန်းလွဲပိုင်းတွင် မြို့နယ်အတွင်းရှိရပ်ကွက်များ၌ အသိပညာပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးနှိုးဆော်ရာတွင် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများမီးဘေးအန္တရာယ်မှကင်းဝေးစေရေးအတွက်မိမိနေအိမ်၊ဌာန၊လုပ် ငန်းများတွင် မီးကိုလုံးဝပေါ့ဆစွာ မသုံးစွဲကြပါရန်နှင့် မီးလောင်မှုမဖြစ်ပွားအောင် မီးဘေးအန္တရာယ်ကို နေ့စဉ်သတိပြု၍ ကြိုတင်ကာကွယ်ခြင်းဖြင့်အနိုင် ယူသွားကြပါရန်သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)