မောက်မယ် ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆုချီးမြှင့်ပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ မူလတန်းဆင့်ပန်းချီပြိုင်ပွဲနှင့် အလယ်တန်းဆင့် စာဖတ်/မှတ်စွမ်းရည် ပြိုင်ပွဲတွင်ဆုရရှိသူ ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ပြီး လာရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများအားလုံးကို မုန့်နှင့်အချိုရည်များဝေငှပေး ခဲ့ပြီး (Community Centre)ခန်းမတွင် ပြသထားသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)