ငရုတ်ကောင်း သြဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် ယူနစ် ဆုံးရှုံးမှု မဖြစ်စေရေးအတွက် ယနေ့နံနက်ပိုင်းက အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်တို့တွင် လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့သို့စစ်ဆေးဆောင်ရွက်ရာတွင် ငရုတ်ကောင်းမြို့ ၆၆ ကေဗွီဓာတ်အားခွဲရုံမှ တာဝန်ခံခွဲရုံမှူး ဦးဖေမင်းကိုး နှင့် မြို့လျှပ်စစ်မှူးရုံးမှ ဝန်ထမ်းများ၊ ငရုတ်ကောင်းနယ်မြေ မီးသတ်စခန်းမှတာဝန်ခံ ဦးရှိုင်းကိုကိုဦးနှင့် တပ်ဖွဲ့ဝင်များက နေအိမ်များတွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် လျှပ်စစ်မီးသွယ်တန်းမှု၊ လျှပ်စစ်မီးသုံးစွဲမှုများနှင့် ယူနစ်ဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် မီတာတိုက်ဆိုင် စစ်ဆေးရေးတို့ကို အဖွဲ့နှစ်ဖွဲ့ခွဲကာ လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)