ဝက်လက်မြို့နယ် ရွာတော်ကုန်းကျေးရွာတွင်( CERP) အရ ကောက်စိုက်စက်ဖြင့် (၁၅၃) ဧက စိုက်ပျိုး

ဝက်လက်  သြဂုတ် ၂၁


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ဝက်လက်မြို့နယ် ရွာတော်ကုန်းကျေးရွာ ကွင်းအမှတ် (၃၂၆၆ ၊ ၃၂၆၇ ၊ ၃၂၆၈ )တို့ရှိ အဆင့်မြင့် လယ်ယာမြေ ဧက (၃၁၅.၀၉) ရှိသည့် အနက် ၊(၁၅၃) ဧက ကို (CERP)အစီစဉ်အရ ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးမည်ဖြစ်ရာ ယနေ့ နံနက်ပိုင်း က တောင်သူဒေါ်ခင်မျိုးညွန့် ၏လယ်ကို  စိုက်ပျိုးနေကြောင်းသည်။
Covid-19 Economic Relief Plan (CERP) အရတောင်သူများမိုးစပါးစိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါးများ ထောက်ပံ့ပေးခြင်း၊ထွန်ယက်ခြင်းလုပ်ငန်းနှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းတို့ကို ဝက်လက် မြို့နယ် စက်မှူလယ်ယာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
Covid-19 ကာလအတွင်း ဒေသခံပြည်သူများ  စားဝတ်နေရေး အခက်ခဲ မဖြစ်စေရေး အတွက် ပုံမှန်ဝင်ငွေ မရှိသော ဒေသခံပြည်သူများ စပါးစိုက်ပျိုးရန်စတင်ချိန်မှစ၍ ကောက်စိုက် စက်ဖြင့် စိုက်ပျိုးခြင်း လုပ်ငန်းစဉ် တွေမှာလဲ ပါဝင်စေကာ တစ်ရက်လျှင် ကျား (၈) ယောက်၊  မ (၅၆) ယောက်ခန့်ကို အလုပ်ကိုင်အခွင့် လမ်း ဖန်တီး ပေးနေကြောင်းကို ဝက်လက်မြို့ စက်မှုလယ်ယာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးငွေဇော်စိုး ၏ ပြောကြား ချက်အရ   သိရှိရပါသည်။
စိုးစိုးလှိုင်(ဝက်လက်)