(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလောမြို့ရပ်ကွက်(၈)မှ တာယော-ရွာသစ်-ရွှေမင်းဖုန်းဘုရား -တောင်ပဲ့ကျေးရွာသွားလမ်း ၁/၀ မိုင် ကတ္တရာလမ်းဖွင့်ပွဲ ကျင်းပ
ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်ရန်ပုံငွေဖြင့် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ကြီးကြပ်ဆောင်ရွက်သည့် ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် ရပ်ကွက်(၈)မှ တာယော-ရွာသစ်-ရွှေမင်းဖုန်းဘုရား-တောင်ပဲ့ကျေးရွာသွားလမ်း ၁/၀ မိုင် ကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားကို အဆိုပါလမ်း၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။