ရန်ကုန်တိုင်းဒေသကြီး

လှည်းကူးမြို့နယ်တွင် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ လှုံ့ဆော်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျက်ရှိ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများပါဝင်ဆန္ဒမဲပေးနိုင်ရေး၊ နိုင်ငံသားတိုင်း အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲဆိုင်ရာ လှုံ့ဆော်ရေး လက်ကမ်းစာစောင်များကို လှည်းကူးမြို့နယ်ရှိ သာယာကုန်းကျေးရွာအုပ်စု၊ တောင်သူ ဦးစိုင်းကျော်၏ လယ်မြေ(၅)ဧကပေါ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံ(နေကြာ)မျိုးစေ့ချစက်ဖြင့် စိုက်ပျိုးခြင်း၊ နေကြာမျိုးစေ့နှင့် ဓာတ်မြေဩဇာပေးအပ်ခြင်း၊ နွေစပါးအတွက် Drum Seeder များ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ တောင်သူများနှင့် မင်းကုန်းကျေးရွာ၊ ဦးမင်းအောင် (ရိုဘတ်စတာ) ကော်ဖီစိုက်ခင်းတွင် လာရောက်လေ့လာသော သင်တန်းသူ၊ သင်တန်းသားများအား ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းက ဖြန့်ဝေပေးခဲ့သည်။

သန်လျင်ခရိုင်အဆင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား သုံးခွမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပုလဲရတနာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် vinyl ပိုစတာများ ချိတ်ဆွဲခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် vinyl ပိုစတာများ ချိတ်ဆွဲခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကမ်းနားစျေး၊ ကြည့်မြင်တိုင်လေဟာပြင်ညစျေးအတွင်းနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုအဖြစ် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ အရှိန်အဟုန်မြှင့်ဖြန့်ဝေ

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံဆော်ရေးအစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီအချိန်က “ဒို့အတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များကို တာ၀န်ရှိသူများ ပူးပေါင်း၍ လူစည်ကားရာနေရာများဖြစ်သည့် မြို့သစ်ဈေး၊ ရတနာဈေးနှင့် နွယ်အေးရပ်ကွက်များတွင် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်တွင် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့က လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းစိစစ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်း နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းပြည့်စုံမှန်ကန်စေရေး အိမ်တိုင်ရာရောက်ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သတင်းမီဒီယာကော်မတီက စီစဉ်သည့် သတင်းမီဒီယာသင်တန်း အမှတ်စဉ် (၅) ရွေးကောက်ပွဲဆိုင်ရာ သတင်းရေးသားနည်း သင်တန်းဆင်းပွဲကျင်းပ

မြန်မာနိုင်သတင်းမီဒီယာကောင်စီ သတင်းမီဒီယာဖွံ့ဖြိုးရေးကော်မတီက စီစဉ်သည့် သတင်းမီဒီယာသင်တန်းအမှတ်စဉ် (၅) ရွေးကောက်ပွဲဆိုင်ရာ သတင်းရေးသားနည်း သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း (ရုံးချုပ်) ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။

မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ စာအုပ်များ လှူဒါန်း

မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ စာအုပ်၊ စာစောင်များ လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ အမှတ် (၂၂၈) ရှိ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

မြောက်ဥက္ကလာပမြို့နယ်၌ "ဒို့အတူတူမဲပေးကြမယ်" မြေစိုက်ဘုတ်များ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေးအသိပညာပေးနှိုးဆော်သည့် "ဒို့အတူတူမဲပေးကြမယ်" မြေစိုက်ဘုတ်များ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယ‌မန်နေ့ နံနက်ပိုင်းက လမ်းဆုံ၊ လမ်းခွများနှင့် လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြသည်။

ပုဇွန်တောင်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုအဖြစ် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ အရှိန်အဟုန်မြှင့်ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်ရေးအစီအစဉ်များကို ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို တာ၀န်ရှိသူများ ပူးပေါင်း၍ အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး