ရန်ကုန်တိုင်းဒေသကြီး

ကျောက်တံတားမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံမှူး ၊ ဒုမဲရုံမှူးသင်တန်းဖွင့်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ‌ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး ရွေးကောက်ပွဲဆိုင်ရာပညာသင်တန်းကို ယမန်နေ့ နံက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နေ့လယ် ၁ နာရီက  ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက အမျိုးသားကဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၊ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ဘက်စုံအထောက်အကူပြုအဖွဲ့(MORS)နှင့် မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA)တို့၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်သူများအား Smart Card များ ဆက်လက်ထုတ်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဦးဘဟန်လမ်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး သင်္ဃန်းကျွန်းမြို့ရုံးတွင် မြို့နယ်အတွင်းရှိပြည်သူများအား Smart Card (Biomertric Card)များအား မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းနိုင်ထွေးနှင့် ဝန်ထမ်းများက နေ့ချင်းပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး pfizer JN.1 ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးခရိုင်၊လှည်းကူးမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်‌ရေးမှူးများအားထိုးနှံပေးခဲ့သည်။

ကျောက်တန်းမြို့နယ်၌ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဉ် (၆/၂၀၂၅) သင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်း​ဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မီးသတ်ဦးစီးရုံး အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ်(၆/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉) နာရီအချိန်က ကျောက်တန်းမြို့နယ်၊ ကမာကလုတ်တိုက်နယ်၊ ကမာကလုတ်ကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့သည်။

တာမွေမြို့နယ်၌ ဝါယာကြိုးများအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ သမာဓိလမ်း အမှတ်(၁၁၈၂)၊ (၄၂×၅၅)ပေ၊ RC သုံးခန်းတွဲ(၆)ထပ်၊ (၃)လွှာ(ယာဘက်အစွန်)ရှိ အကျယ်အဝန်း (၁၂×၅၅)ပေ နေအိမ်တိုက်ခန်း၌ ယနေ့နံနက်(၅)နာရီ (၂၄)မိနစ်အချိန်က ဟောင်းနွမ်းဆွေးမြေ့နေသော ဝါယာကြိုးများအသုံးပြု၍ (၄)ပေမီးချောင်းထွန်းထားရာမှ ဝါယာကြိုးများ အပူလွန်ကဲကာ အရည်ပျော်ပြီး အောက်ရှိ အဝတ်ပုံပေါ်သို့ မီးပွားကျရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

နိုင်ငံခြားဘာသာတက္ကသိုလ်များ သုတေသနစာတမ်းဖတ်ပွဲ (၂ဝ၂၅) ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့်မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်သော နိုင်ငံခြားဘာသာတက္ကသိုလ်များ သုတေသနစာတမ်းဖတ်ပွဲ ၂ဝ၂၅ ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့များတွင် LRC-103 ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ် ဈေးကွက်အတွင်း ရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကွမ်းခြံကုန်း၊ မြို့မဈေးတွင် ရောင်းချနေသော အသင့်သောက် အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

ဒလမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ အမှတ် (၇) အခြေခံပညာမူလတန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁ဝ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး